Thursday, January 14, 2010

မြန်မာလိုမြင်ရတာ အဆင်ပြေအောင်

ကျွန်တော် တို့ရဲ့ ဘလော့ တွေမှာ မြန်မာစာကို မှန်မှန် ကန်ကန် မြင်ရဖို့ကလည်း အရေး ကြီးပါတယ်။ ဘလော့ကြည့်တဲ့ စက်မှာ မြန်မာစာ ထည့်မထားလဲ မြန်မာလို မြင်ရစေမယ့် eot စနစ်ကို လုပ်လို့ ရတယ်လို သိထားပေမယ် ကျွန်တော် ကိုယ်တိုင် အောင်အောင် မြင်မြင် မလုပ်နိုင်သေးတဲ့ ကျွန်တော် သိထားတဲ့ နည်းလမ်းလေးကိုပဲ မျှဝေ ပါရစေဗျာ.။ တခါ တလေ မှာ ကိုယ့်ရဲ့ စက်ထဲမှာ Zawgyi Font ရှိနေ ပေမယ့် ဘလော့က မြန်မာ စာသား တွေကို မှန်မှန် ကန်ကန် မမြင်ရတာကို ကြုံဖူးကြပါ လိမ့်မယ်.။ အဲလို ကိုယ့်ရဲ့ ဘလော့မှ မဖြစ်ရ လေအောင် ကျွန်တော်တို့ ဘလော့ရဲ့ HTML Code အချို့ကို အနည်းငယ် ထပ်မံ ဖြည့်စွက် ကြရအောင်.။

Blogger မှာ Sign in လုပ်ပြီး Layout ->Edit HTML ကိုသွားပါ.။

Edit HTML Page ကိုရောက်ပြီဆိုရင် Ctrl+F ကိုနှိပ်ပြီး Find box ကိုခေါ်လိုက်ရအောင်.။ အဲဒီထဲမှာ font ကိုရိုက် ထည်ပြီး font ဆိုတဲ့ စာလုံးကို လိုက်ရှာပါမယ်.။ ပုံမှာ မြင်ရတဲ့အတိုင်း ယခင် ရှိနေပြီးသား font တွေရဲ့ အရှေ့မှာ Zawgyi-One ဆိုပြီး လိုက်ထည့်ပေးပါ့မယ်.။

ဆိုလိုတဲ့ သဘောက သူ့အရင် ရှိပြီးသား Font တွေအပြင် Zawgyi-One ကိုပါ သုံးမယ် ဆိုပြီး ပြောလိုက်တာပါပဲ.။ ဒါကြောင့် ကိုယ့်စက်မှာတော့ Zawgyi-One Font ရှိနေဖို့ လိုအပ်ပါတယ်.။

ပုံမှာ ပြထား တဲ့အတိုင်း အရင် ရှိနေပြီးသား Font တွေရဲ့အရှေ့၊ single quote ပါရင်လည်း single quote အတွင်း လိုက်ထည့်ပေးပါ.။

 
font-family: ဆိုတဲ့ နေရာတွေမှာ အရင် font တွေ အများကြီး ရှိနေခဲ့ရင်တော့ သူ့တို့ ရှေ့မှာ ထည့်ပေးပြီး တစ်ခုတည်း ရှိနေခဲ့ရင် အဲဒီနေရာမှာ အစားထိုး ထည့်ပေးလိုက်ပါ.။ အားလုံး ထည့်ပြီးသွားပြီ ဆိုရင် Save Template ကိုနှိပ် ပြီး သွားရင် ရပါပြီ.။ ။

အားလုံးပဲ အဆင်ပြေ နိုင်ကြပါ စေခင်ဗျာ......

1 comments:

မြတ်မွန် said...

ဟုတ်ကဲ့ လေ့လာ သွားတယ် ။

Post a Comment