Thursday, January 14, 2010

မြန်မာလိုမြင်ရတာ အဆင်ပြေအောင်

ကျွန်တော် တို့ရဲ့ ဘလော့ တွေမှာ မြန်မာစာကို မှန်မှန် ကန်ကန် မြင်ရဖို့ကလည်း အရေး ကြီးပါတယ်။ ဘလော့ကြည့်တဲ့ စက်မှာ မြန်မာစာ ထည့်မထားလဲ မြန်မာလို မြင်ရစေမယ့် eot စနစ်ကို လုပ်လို့ ရတယ်လို သိထားပေမယ် ကျွန်တော် ကိုယ်တိုင် အောင်အောင် မြင်မြင် မလုပ်နိုင်သေးတဲ့ ကျွန်တော် သိထားတဲ့ နည်းလမ်းလေးကိုပဲ မျှဝေ ပါရစေဗျာ.။ တခါ တလေ မှာ ကိုယ့်ရဲ့ စက်ထဲမှာ Zawgyi Font ရှိနေ ပေမယ့် ဘလော့က မြန်မာ စာသား တွေကို မှန်မှန် ကန်ကန် မမြင်ရတာကို ကြုံဖူးကြပါ လိမ့်မယ်.။ အဲလို ကိုယ့်ရဲ့ ဘလော့မှ မဖြစ်ရ လေအောင် ကျွန်တော်တို့ ဘလော့ရဲ့ HTML Code အချို့ကို အနည်းငယ် ထပ်မံ ဖြည့်စွက် ကြရအောင်.။

Blogger မှာ Sign in လုပ်ပြီး Layout ->Edit HTML ကိုသွားပါ.။

Edit HTML Page ကိုရောက်ပြီဆိုရင် Ctrl+F ကိုနှိပ်ပြီး Find box ကိုခေါ်လိုက်ရအောင်.။ အဲဒီထဲမှာ font ကိုရိုက် ထည်ပြီး font ဆိုတဲ့ စာလုံးကို လိုက်ရှာပါမယ်.။ ပုံမှာ မြင်ရတဲ့အတိုင်း ယခင် ရှိနေပြီးသား font တွေရဲ့ အရှေ့မှာ Zawgyi-One ဆိုပြီး လိုက်ထည့်ပေးပါ့မယ်.။

ဆိုလိုတဲ့ သဘောက သူ့အရင် ရှိပြီးသား Font တွေအပြင် Zawgyi-One ကိုပါ သုံးမယ် ဆိုပြီး ပြောလိုက်တာပါပဲ.။ ဒါကြောင့် ကိုယ့်စက်မှာတော့ Zawgyi-One Font ရှိနေဖို့ လိုအပ်ပါတယ်.။

ပုံမှာ ပြထား တဲ့အတိုင်း အရင် ရှိနေပြီးသား Font တွေရဲ့အရှေ့၊ single quote ပါရင်လည်း single quote အတွင်း လိုက်ထည့်ပေးပါ.။

 
font-family: ဆိုတဲ့ နေရာတွေမှာ အရင် font တွေ အများကြီး ရှိနေခဲ့ရင်တော့ သူ့တို့ ရှေ့မှာ ထည့်ပေးပြီး တစ်ခုတည်း ရှိနေခဲ့ရင် အဲဒီနေရာမှာ အစားထိုး ထည့်ပေးလိုက်ပါ.။ အားလုံး ထည့်ပြီးသွားပြီ ဆိုရင် Save Template ကိုနှိပ် ပြီး သွားရင် ရပါပြီ.။ ။

အားလုံးပဲ အဆင်ပြေ နိုင်ကြပါ စေခင်ဗျာ......


Read more...

Sunday, January 10, 2010

Add Cbox

ဘလော့ တစ်ခု ဖြစ်လာပြီဟေ့ ဆိုတာနဲ့ မပါမဖြစ် ပါမြဲကတော့ CBOX လေးပဲ ဖြစ်ပါတယ်.။ ဘလော့ လာဖတ်သူတွေ အနေနဲ့ ပို့စ်မှာ ကွန်မန့် ရေးတာထက် စာရင် Cbox လေးမှာ ရေးသွားတာဟာ ကွယ်ကူသလို အဆင်ပြေတဲ့ အတွက် cBox လေးဟာ ဘလော့တိုင်း လိုလိုမှာ မပါမဖြစ် widget တစ်ခုဖြစ်လာ ပါတယ်.။ Cbox လိုပဲ အခြား message box တွေဖြစ်တဲ့ ShoutMix, Sbox စတာတွေ ရှိပါသေးတယ်.။

ကျွန်တော်တို့ ဘလော့မှာ Cbox ထည့်ဖို့အတွက် cbox.ws ကိုသွားရအောင်.။ ကျွန်တော်တို့ အနေနဲ့ Cbox တစ်ခု ရဖို့အတွက် အကောင့်တစ်ခု Sign Up လုပ်ရပါမယ်.။ ဒါကြောင့် Sign up ကိုနှိပ်ပြီး သူဖြည့်ခိုင်းတဲ့ form လေးကို ဖြည့်ပေးကြရအောင်.။






သူဖြည့်ခိုင်း တာလေးတွေကို ဖြည့်ပြီးသွားပြီ ဆိုရင်တော့ "Create my Cbox!" ဆိုတဲ့ button လေးကို နှိပ်လိုက်ပြီးတာနဲ့ အကောင့်တစ်ခု ဖွင့်ပြီးကြောင်း မက်စေ့ကျလာပါလိမ့်မယ်.။ အကောင့် ရပြီဆိုတဲ့အတွက် ကိုယ့်ရဲ့ cbox လေးကို ကိုယ်ပြင်ချင်တာတွေ ပြင်ပြီး ဘလော့မှာ ထည့်ကြရမယ်ဆိုတော့ ကိုယ့်ရဲ့ အကောင့်ကို Sign in လုပ်ရပါမယ်။



Login name: နဲ့ Password: တွေထည့်ပြီး enter နှိပ်လိုက်တာနဲ့ မိမိ cbox အတွက် Control Panel Home Page ကိုရောက်သွားပါမယ်.။ cobx ရဲ့ size နဲ့ အနေ အထားကို ပြင်ဖို့အတွက် Look & Feel -> Layout options ကိုသွားရအောင်.။ အဲမှာဆိုရင် cbox ရဲ့ width and height ကို မိမိကြိုက်ရာ ပေးနိုင်ပါတယ်.။ width ကိုပေးမယ်ဆိုရင် မိမိဘလော့ side bar ရဲ့ အကျယ်အတိုင်း ပေးဖို့ သိတိပေးပါရစေဗျာ. မဟုတ်ရင် cbox က ဘလော့မှာ အပြည့် မပေါ်နိုင်ဘဲ ဖြစ်နေပါလိမ့်မယ်။ နောက်ပြီး Form height ကိုလည်း Auto check box က အမှန်ခြစ် လေးကို ဖြုတ်ပြီး ၁၀၀ လောက် ထားပေးပါ.။ ရပြီဆိုရင်တော့ Save သာလုပ်လိုက်ပေတော့.။



ကဲ့ နောက်တစ်ခါ အရောင်တွေ ကြိုက်သလို ပြင်ဖို့ Look & Feel -> Edit style ကိုသွားမယ်.။ အဲ.. အဲဒီမှာဆိုရင် ကိုယ့်ရဲ့ cbox ကို ကြိုက်တဲ့ အရောင်ကိုသာ ပြင်ပေတော့ဗျို့... တစ်ခု ပြောချင်တာက Font: box မှာ Zawgyi-One ဆိုတာလေး ထည့်ပေးဖို့ မမေ့ဖို့ပါပဲ.။ အားလုံး စိတ်ကြိုက် ပြင်ပြီးပြီ ဆိုရင်တော့ Apply ကိုနှိပ်လိုက်ပါ.။ ဒါဆိုရင် မိမိ ဘလော့မှာ ထည့်ဖို့ cbox လေးတစ်ခုရပြီပေါ့.။ Get your new code. ဆိုတဲ့ စာကိုနှိပ်ပြီး code ကို copy လုပ်ပြီး ဘလော့မှ ထည့်လိုက်လို့ရပါပြီ.။



အားလုံးပဲ အဆင်ပြေပါစေဗျာ............
ခင်မင်လေးစားလျက်..


Read more...

Saturday, January 9, 2010

Change Your Blog Template

Knowledge Sharing ရဲ့ ပထမဆုံးပို့စ် အနေနဲ့ ဘလော့ တင်းပလိတ်လေးတွေ ရရှိနိုင်မယ့် နေရာလေးကို လမ်းညွှန်လိုက်ပါတယ်.။

မိမိနှစ်သက်ရာ ဘလော့ တင်းပလိတ်ကို ဒေါင်းလုပ်ဒ် ရယူနိုင်ပြီး ကိုယ့်ရဲ့ ဘလော့မှာ တင်းပလိတ် အဖြစ် အသုံးပြု မယ်ဆိုရင် မိမိ ဒေါင်းလုပ်ဒ် ရယူခဲ့တဲ့ zip ဖိုင်လေးကို extract လုပ်ပါ.။ မိမိဘလော့ဂါ အကောင့်ကို Sign in ၀င်ပြီး Layout Tag ထဲက Edit HTML ကိုသွားပါ..။

 
ဒါဆိုရင် ဒေါင်းလုတ်ဒ် လုပ်ခဲ့တဲ့ တင်းပလိတ်ကို ရွေးဖို့ Browse ကိုနှိပ်ပြီး အခုဏက Extract လုပ်ထားတဲ့ ဖိုဒါထဲက xml ဖိုင်လေးကို ရွေးပြီး open နှိပ်-> Upload လုပ်လိုက်ပါ.။    

အဲလို နှိပ်လိုက်တဲ့ အခါမှာဆိုရင် "Widgets are about to be deleted" ဆိုတဲ့ မက်စ်ဆေ့ နဲ့အတူ မိမိဘလော့မှာ ထည့်ထားသမျှ Widgets တွေ အားလုံးကို ဖျက်မယ်ဆိုပြီး ပြောပါလိမ့်မယ်.။ ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်တို့ ထည့်လိုက်တဲ့ တင်းပလိတ် xml ဖိုင်အနေနဲ့ အရင်ထည့်ထားတဲ့ ပိုစ့်တွေက လွဲရင် Widgets တွေရဲ့ id တွေကို လက်မခံနိုင်တဲ့ အတွက် ကြောင့်ပါ.။ ဒါကြောင့် ကိုယ့်ဘလော့ကို တင်းပလိတ် ပြောင်းမယ်ဆိုရင် ကိုယ့်ဘလော့မှာ ထည့်ထားတဲ့ Widgets တွေရဲ့ HTML code တွေကို အရင် save လုပ်ထားဖို့ သတိပေး ပြောကြားလိုပါတယ်ဗျာ.။


"CONFIRM & SAVE" ကိုနှိပ်လိုက်မယ်ရင် အရင်ထည့်ထားတဲ့ အရင် ထည့်ထားတဲ့ Widgets တွေကို ဖျက်လိုက်ပြီး ကိုယ်ရွေးလိုက်တဲ့ ဘလော့ တင်းပလိတ် လေးကို ပြောင်းလဲ ပေးသွားမှာ ဖြစ်ပါတယ်.။

အားလုံးပဲ မိမိနှစ်သက်ရာ ဘလော့ တင်းပလိတ်ကို ပြောင်းလဲနိုင်ကြပါစေဗျာ.....။


Read more...